Living facts.....
နေထိုင်မှုကုန်ကျစရိတ်များသည် တစ်ဦးချင်းနေထိုင်မှု ပုံစံများအရ အမျိုးမျိုးကွဲပြားနိုင်သည်။ ပျမ်းမျှအားဖြင့် တွက်ချက်ရရှိသော ပမာဏမှာ
| အမျိုးအစား | တစ်လစာ | တစ်နှစ်စာ |
| အခန်းငှားခအတွက် တစ်ယောက်စာစပေါ်ငွေ (၂ လစာ-၁ ခန်း ၂ယောက်) | - | စင်ကာပူဒေါ်လာ ၆၀၀ |
| အခန်းမငှားခင် ကုန်ကျစရိတ် | - | စင်ကာပူဒေါ်လာ ၃၅၀ |
| ဆေးရုံတွင် ကုသမှုခံယူခြင်း နှင့် ခွဲစိတ်မှုဆိုင်ရာ အာမခံကြေး | - | စင်ကာပူဒေါ်လာ ၃၉* |
| တစ်ယောက်စာ ငှားရမ်းခ | စင်ကာပူဒေါ်လာ ၃၀၀ | စင်ကာပူဒေါ်လာ ၃၆၀၀ |
| ဓာတ်ငွေ့၊ ရေ၊ လျှပ်စစ် နှင့် တယ်လီဖုန်း | စင်ကာပူဒေါ်လာ ၅၀ | စင်ကာပူဒေါ်လာ ၆၀၀ |
| အစားအစာ | စင်ကာပူဒေါ်လာ ၂၅၀ | စင်ကာပူဒေါ်လာ၃၀၀၀ |
| သယ်ယူပို့ဆောင်ရေး | စင်ကာပူဒေါ်လာ ၇၀ | စင်ကာပူဒေါ်လာ ၈၄၀ |
| စာအုပ်၊ စာရေးကိရိယာ နှင့် တန်ဆာပလာပစ္စည်းများ | စင်ကာပူဒေါ်လာ ၄၀ | စင်ကာပူဒေါ်လာ ၄၈၀ |
| လျှော်ဖွတ်ရေှးနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ | စင်ကာပူဒေါ်လာ ၂၀ | စင်ကာပူဒေါ်လာ |
| ဖျော်ဖြေရေှးနှင့် အပန်းဖြေရေး | စင်ကာပူဒေါ်လာ ၃၀ | စင်ကာပူဒေါ်လာ ၃၆၀ |
| ပျမ်းမျှ စုစုပေါင်း ကုန်ကျစရိတ် | စင်ကာပူဒေါ်လာ ၇၁၀ | စင်ကာပူဒေါ်လာ ၉၄၀၉ |
နေရာထိုင်ခင်း အမျိုးအစားများ
ရနိုင်တဲ့ နေရာထိုင်ခင်း အမျိုးအစားတွေကို အောက်ဘက်တွင် ဖော်ပြပေးထားပါတယ်။
Ø လူအများစုပေါင်း နေလို့ရနိုင်သော အိမ်များနှင့် တိုက်ခန်းများ
ကျောင်းသားအုပ်စု တစ်အုပ်စုက အိမ်တစ်အိမ် (သို့) တိုက်ခန်းတစ်ခန်းကို အတူတကွ ငှားရမ်းနေထိုင်၍ ရနိုင်ပြီး ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း နှင့် အိမ်သာများ ကိုလည်း မျှဝေသုံးစွဲ နိုင်ပါသည်။ စုပေါင်းနေထိုင်သူ အားလုံးကလည်း မိမိ အခန်းသန့်ရှင်းရေးကို ကိုယ်တိုင် ဆောင်ရွက်ကြရပြီး မိမိသုံးစွဲမှုပေါ် မူတည်ကာ အခကြေး ငွေ များ ပေးဆောင်ရပါ မယ်။
Ø ပိုင်ရှင်နေထိုင်သော တိုက်ခန်းများမှ အခန်းများ
(Housing & Development Board တိုက်ခန်းတွေမှာ အများဆုံးတွေ့နိုင်ပါသည်။)
ဒီလိုအမျိုးအစားများ ငှားရမ်းမှုများတွင် ပိုင်ရှင်(အိမ်ရှင်) ကိုယ်တိုင် လည်းပဲ ဒီတိုက်ခန်းတွင် နေထိုင်ပါသည်။ အ၀တ်လျှော်စက်၊ ချက်ရေးပြုတ်ရေး ကိစ္စရပ်များ နဲ့ တယ်လီဖုန်း၊ ရုပ်မြင်သံကြားစက် စသည်တို့ကို သုံးစွဲခွင့်ရနိုင်ဖို့ အိမ်ရှင် နဲ့ ညှိနှိုင်းရပါသည်။ ညှိနှိုင်းပြောဆိုရာတွင် အထောက်အကူရစေရန် ဒီ နေရာထိုင်ခင်းနဲ့ပတ်သက်သော လမ်းညွှန်ချက်တွင် ဖော်ပြထားသော အချက် တွေကို သုံးကြည့်ပါ။
နေထိုင်ရေး အတွက် စဉ်းစားစရာ အချက်အလက်များ
(၁) ငှားရမ်းခြင်း
ငှားရမ်းခစရိတ်များ ကတော့ တည်နေရာ၊ နေရာမျှတစွာ စုပေါင်းနေထိုင်ကြမယ့် လူဦးရေ၊ ပရိဘောဂ၊ နေရာ ထိုင်ခင်းနှင့် အတူတူတွဲပါလာမည့် အထောက်အကူ ပစ္စည်းစသော အချက်များပေါ်တွင် မူတည်ပါသည်။ ငှားရမ်းခသက် သာသော နေရာမျိုးကို ရှာမည်ဆိုလျှင် Polytechnic နဲ့ ဝေးကွာသော အခန်းတွေကိုပဲ စဉ်းစားရပါ လိမ့် မည်။ အောက်ပါအ ချက်တွေကတော့ အိမ်ခန်း နဲ့ တိုက်ခန်းတွေအတွက် ပျမ်းမျှ ငှားရမ်းခနှုန်းထားများ ဖြစ်ပါသည်။
အခန်းအတွက် ပျမ်းမျှတစ်လငှားရမ်းခ
| အခန်းအမျိုးအစား | ငှားရမ်းခ (တစ်ယောက်လျှင်) |
| တစ်ယောက်ခန်း | စင်ကာပူဒေါ်လာ ၄၀၀ မှ ၇၀၀ ထိ |
| နှစ်ယောက်ခန်း | စင်ကာပူဒေါ်လာ ၃၀၀ မှ ၃၅၀ ထိ |
| သုံးယောက်ခန်း | စင်ကာပူဒေါ်လာ ၂၀၀ မှ ၃၀၀ ထိ |
တိုက်ခန်းတစ်ခုလုံးအတွက် ပျမ်းမျှတစ်လ ငှားရမ်းခ
| အိပ်ခန်းအရေအတွက် | ငှားရမ်းခ (တစ်ယောက်လျှင်) |
| အိပ်ခန်း ၂ ခန်း. | စင်ကာပူဒေါ်လာ ၁၆၀၀ မှ ၂၀၀၀ ထိ |
| အိပ်ခန်း ၃ ခန်း | စင်ကာပူဒေါ်လာ ၂၂၀၀ မှ ၂၈၀၀ ထိ |
| အိပ်ခန်း ၄ ခန်း | စင်ကာပူဒေါ်လာ ၂၈၀၀ မှ ၃၅၀၀ ထိ |
(၂) အဆင်ပြေသင့်လျော်ခြင်း
အဆင်ပြေစေတဲ့ အချက်များကတော့ သယ်ယူပို့ဆောင်ရေး၊ ပေးထားသော facilities များ၊ အိမ်ရှင် နှင့် သူ၏မိသားစုများ၏ နေထိုင်မှုပုံစံ(အိမ် ရှင်နေသော တိုက်ခန်းများရှိ အခန်းများအတွက်) နှင့် စာပေလေ့လာ စရာ ပတ်ဝန်းကျင် အနေအထားတို့ပဲဖြစ်ပါသည်။ အခန်းငှားဖို့ သဘော တူ ညီမှု မယူခင်တွင် အထက်ပါ အချက်အလက်များကို သွားရောက်လေ့လာ စုံစမ်း ပြီး ဆွေးနွေး ညှိနှိုင်းသင့်ပါသည်။
(၃) ပရိဘောဂများ
ပရိဘောဂများ ပါရှိသော အခန်းတစ်ခန်းတွင် အိပ်ရာ၊ အ၀တ်ဗီရို၊ စာကြည့်စားပွဲ နှင့် ကုလားထိုင် စသော အခြေ ခံပါဝင်ရမည့် ပရိဘောဂ ပစ္စည်းများ ပါဝင် သင့် သည်။
(၄) အိမ်ငှားရမ်းစာချုပ်များ
အိမ်ငှားရမ်းစာချုပ်ကို အဆောက်အဦး ပိုင်ရှင်နှင့် အတူ ရေးသားရန် တိုက်တွန်းပါသည်။ စာချုပ်တွင် ငှားရမ်းခနှုန်းထားများ၊ အိမ်ငှားသက် တမ်း၊ အဆောက်အဦးပိုင်ရှင်နှင့် ငှားရမ်းသူတို့ရဲ့ အခွင့်အရေးများ နှင့် တာဝန်ဝတ္တရားများ စသည်တို့နှင့် သက်ဆိုင်သော အချက်များကို ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။ နမူနာ စာချုပ်မိတ္တူများ ကို Department of Student & Alumni Affairs (SAA) မှ ရနိုင်ပါသည်။ စုပေါင်းငှားရမ်းနေသော တိုက်ခန်းများတွင် ငှားရမ်းစာချုပ် ၌ သင်သည် တစ်ဦးတည်းသော သဘောတူ လက်မှတ်ရေးထိုးသူ ဖြစ်နေသည်ဆိုလျှင် နေထိုင်ငှားရမ်းသူ အားလုံး၏ လုပ်ဆောင်ချက်များ အတွက် သင်သည် တရားဥပဒေအရ တာဝန် ရှိသူ တစ်ယောက် ဖြစ်သွားပါသည်။ ဥပမာ-အတူငှားရမ်းနေထိုင်သူများက ငှားရမ်းခမပေးချေပဲ ထွက်ခွာသွားမည် ဆိုပါက ငှားရမ်းခ အကြွေးများအတွက် သင့်တွင် တာဝန် ရှိပါသည်။ ထို့ကြောင့် အတူတူမျှနေသူအားလုံး တာဝန်ရှိသည်ဆိုသည်ကို သေချာစေဖို့ ငှားရမ်းစာချုပ်တွင် ပူးပေါင်းငှားရမ်းသူ တွေရဲ့ နာမည်အားလုံး ပါဝင်ရေး သားရ ပါ မည်။
မှတ်ချက်။ ။ငှားရမ်းစာချုပ်အတွက် ကျသင့်သော အခွန်အခများကိုတော့ ငှားရမ်းသူများက ပေးရပါ မည်။ လစဉ်ငှားရမ်း မပေါ်တွင် မူတည်၍ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၇ မှ ၃၀ အထိ ရှိပါသည်။
(၅) စရံငွေ(စပေါ်ငွေ)
အဆောက်အဦး ပိုင်ရှင် ကို စပေါ်ငွေ နဲ့ပတ်သက်ပြီး မေးမြန်းဖို့ကတော့ ပုံမှန်လုပ်နေကျ ကိစ္စတစ်ခု ဖြစ်ပါ သည်။ စပေါ်ငွေ ပမာဏကတော့ တစ်လ (သို့) နှစ်လ ငှားရမ်းခ နှင့် ညီမျှပါသည်။ စပေါ်ငွေများကို သင်တို့ ပြောင်းရွှေ့ သော အခါတွင် ပြန်အမ်းပါသည်။ စပေါ်ငွေ မပေးခင် ပြန်အမ်းငွေ နှင့် ပတ်သက်သော အခြေအနေကို ပိုင် ရှင်နှင့်စီစစ် မေးမြန်းပါ။
(၆) အခြား စရိတ်များ
ရေ နှင့် လျှပ်စစ် သုံးစွဲခအတွက် ကုန်ကျစရိတ်များကို ထပ်လောင်း၍ ပေးဆောင်ရပါမည်။
(၇) လိပ်စာတည်နေရာ
လိပ်စာပေးသော အခါ အကောင်းဆုံးကတော့ အိမ်ပိုင်ရှင်တွေအား သူတို့အိမ်တွေကို သွားနိုင်မယ့်လမ်းကြောင်း ကို မေးမြန်းထားဖို့ပါပဲ။ အနီးဆုံး MRT(Mass Rapid Transit) ဘူတာရုံများ (သို့) ဘတ်စ်ကားများ ဖြင့် သင်သွားချင်သော နေရာကို ရောက်နိုင်မည့် အနီးဆုံး ကားမှတ်တိုင်ကို ရှာဖွေပါ။ MRT ဘူတာရုံအားလုံးကို ဘတ်စ် ကားမှတ်တိုင်များနှင့် ချိတ်ဆက်ပေးထားပါသည်။ ဘူတာရုံအများစုကိုလည်း ဘတ်စ်ကားပြောင်းစီး၍ ရသောနေရာများနှင့်လည်း ဆက်သွယ် ပေးထားပါသည်။
စင်ကာပူနိုင်ငံတွင် HDB ရပ်ကွက်တိုင်းကို ထင်ရှားပေါ်လွင်စွာ နံပါတ်ပေးထားပါသည်။
လိပ်စာတစ်ခုက “Block 370,Clementi Avenue 2,#09-128, Singapore 120370” ပြောထားလျှင် ဆိုလိုသည်မှာ ဒီတိုက်ခန်း လိပ်စာသည် (၃၇၀)ရပ်ကွက်၊ အမှတ်(၂) Clementi လမ်းမကြီးပေါ်ရှိ ၉ ထပ်တိုက် ယူနစ်နံပါတ်-၁၂၈ တွင် တည်ရှိပြီး စာပို့သင်္ကေတမှာ ၁၂၀၃၇၀ ဖြစ်သည်။ စာပို့ရာတွင် အဆင်ပြေကိုက်ညီမှု ရှိစေရန် ဒီစာပို့ သင်္ကေတကို ရေးမှတ်ထားဖို့လိုအပ်သည်။
(၈) Facilities အသုံးပြုမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရမည့်အချက်များ
- မိသားစုရှိသော အခန်းတစ်ခုကို ငှားရမ်းသောအခါ အောက်ပါမေးခွန်းများကို စဉ်းစားတွေးထားနိုင်ပါသည်။
· သင်ပေးထားသော အိမ်ငှားခတွင် အများသုံးပစ္စည်းများသုံးစွဲခွင့်ပါဝင်ပါသလား၊
· အိမ်ရှင်၏အ၀တ်လျှော်စက်ကို သုံးနိုင်ရဲ့လား၊ ရတယ်ဆိုရင် တစ်ပတ်လျှင် ဘယ်နှစ်ကြိမ်သုံးခွင့် ရှိမလဲ၊
· ရေပူစက်ကို သုံးလို့ရပါသလား၊
· အစားအစာ ချက်ပြုတ်ပြင်ဆင်ဖို့အတွက် မီးဖိုချောင်သုံးစွဲခွင့်ရှိပါသလား၊ ရှိတယ်ဆိုရင် ချက်ပြုတ်ဖို့
သတ်မှတ်ထားသော အချိန်နာရီ ရှိပါသလား၊
· တိုက်ခန်းအတွင်းသို့ ယူဆောင်လာခွင့် မပြုသော အစားအစာများ ရှိပါသလား၊
· ရေခဲသေတ္တာ အသုံးပြုလို့ ရပါသလား၊
· မြို့တွင်း/ နယ်ဝေး တယ်လီဖုန်းသုံးစွဲခွင့် ရှိပါသလား၊
· တယ်လီဖုန်းသုံးစွဲခွင့်အတွက် သတ်မှတ်ထားသော အကြိမ်အရေအတွက် ရှိပါသလား၊
· တယ်လီဖုန်းပြောခွင့်ရသော အချိန်အတိုင်းအတာ ဘယ်လောက်လဲ၊
· ရုပ်မြင်သံကြားစက် သုံးစွဲခွင့် ရှိပါသလား၊
· အိမ်သန့်ရှင်းရေးအတွက် သင်၏တာဝန်တွေက ဘာတွေ ဖြစ်နိုင်မလဲ၊
· အပြင်မထွက်ရ အချိန်ရှိပါသလား၊
· သင့်ရဲ့မိတ်ဆွေသူငယ်ချင်းများသင့်ထံသို့လာလည်နိုင်ရဲ့လား၊ တစ်ကြိမ်တွင် သူငယ်ချင်းမည် မျှလာ လည်ခွင့်
ရှိသည်ဆိုသော ကန့်သတ်ချက်ရှိပါသလား၊
· တစ်ညအိပ် ဧည့်သည်၊ ပိတ်ရက်လာသော ဧည့်သည်များကို ခွင့်ပြုပါသလား၊
(၉) အိမ်ငှားကောင်းတစ်ယောက် အတွက် သတိထားရမည့်အချက်များ
အိမ်ပိုင်ရှင်မိသားစုနှင့် တစ်မိုးအောက်တွင် အတူတူနေသောအခါ ညှိနှိုင်းစရာများ၊ ထိခိုက်ခံစားလွယ်သော ကိစ္စရပ် များ၊ နားလည်ပေးမှုများနှင့် အပေးအယူမျှတသော သဘောထားများ လိုအပ်မည်ဖြစ်သည်။
သင်၏ အိမ်ပိုင်ရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိစေဖို့ အောက်ပါ အချက်များကို မှတ်သားထားရန် လိုအပ်ပါသည်။
· အိမ်ရှင်မိသားစု၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ၌ ၀င်ပါခြင်းမှ ရှောင်ကြဉ်ပါ၊ အိမ်ရှင်မိသားစုများ
အခါအားလျော်စွာ ကျင်းပသော ပွဲများကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်မှသာလျှင် ၀င်ရောက်ဆင်နွှဲပါ၊
· သင်၏အခန်းကို သန့်ရှင်းအောင်ထားပါ၊
· အိမ်ရှင်မိသားစု၏ ပိုင်ဆိုင်မှုများကိုလည်း ဂရုတစိုက် ကိုင်တွယ်စောင့်ရှောက်ပါ၊
· ပေးထားသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို လိုက်နာပါ၊
(အိမ်ငှားအဖြစ်ပြောင်းရွှေ့မလာခင် ဤအချက်များကို ညှိနှိုင်းပြီးသင့်သည်။)
· တယ်လီဖုန်းအသုံးပြုမှုနှင့်ပတ်သက်သော ကန့်သတ်ချက်များကို လေးစားလိုက်နာပါ၊ ညဥ့်နက်ချိန်များ၌
မိသားစုများအား အနှောက်အယှက်ဖြစ်စေနိုင်သော တယ်လီဖုန်းအ၀င် Call များကို ခွင့်မပြုပါနှင့်၊
· ရေနှင့် လျှပ်စစ်ကို အလဟဿ မဖြုန်းတီးပါနှင့်၊
· ဆူညံမှုများကို တတ်နိုင်သမျှ လျှော့ချပါ၊
· ယဉ်ကျေးပြူငှာ ထောက်ထားညှာတာတတ်ပါစေ၊
· ဆေးလိပ်သောက်ခြင်းနှင့်လောင်းကစား မပြုလုပ်ရ၊
· အိမ်မှုကိစ္စများတွင် လက်ခံလိုက်နာရမည့် အပြုအမူများနှင့် လက်မခံနိုင်သော အပြုအမူများကို လေ့လာ
သင်ယူပါ၊
စင်ကာပူနိုင်ငံသို့ရောက်ရှိခြင်း
စင်ကာပူနိုင်ငံ၏ ဘတ်စ်ကား ၀န်ဆောင် မှု ဖြစ် သော Singapore Bus Services (SBS) system ၏ ဘတ်စ်ကားများဖြင့်လည်းကောင်းMass Rapid Transit (MRT) system ၏ ရထားများဖြင့် လည်းကောင်း သွားနိုင်ပါသည်။
- - Changi လေဆိပ်မှ
Changi လေ ဆိပ်မှ အငှားယာဉ်စီးရန် ဆန္ဒရှိတယ် ဆိုရင်တော့ မီတာတွင်ဖော်ပြထားသော အပိုကြေးများကို ခရီးသွားရန်အတွက်ထပ် မံပေးဆောင်ရမည်။
• ရုံးဖွင့်ရက်များအတွက် စင်ကာပူ ဒေါ်လာ ၃ ကျပ်
• သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ညနေ ၅ နာရီ မှ ညသန်းခေါင်ယံအချိန်ထိ ဒေါ်လာ၅ ကျပ်
စင်ကာပူနိုင်ငံတွင် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာသော သယ်ယူပို့ဆောင်ရေး စနစ်ရှိပြီး နိုင်ငံတွင်းရှိ ဒေသအား လုံးသို့ MRT စနစ်နှင့် ဘတ်စ်ဝန်ဆောင်မှုများမှ တဆင့် လွယ်ကူအဆင်ပြေစွာ သွားနိုင်ပါသည်။
- Bus Services
စင်ကာပူနိုင်ငံတွင် ဘတ်စ်ကားများသည် ယေဘုယျအားဖြင့် နံနက် ၅း၄၅ နာရီ မှ ည ၁၁း၄၅ နာရီထိ ပြေးဆွဲကြသည်။
ဘတ်စ်ကားခများမှာ
| | Non-Aircon | Aircon |
| Ez-link | 68 cts | 83 cts |
| Cash | 80 cts | $ 1.00 |
လမ်းခွဲရှိသော ဘတ်စ်ကားများအတွက် ကားခများမှာ
| | Non-Aircon | Aircon |
| Ez-link | 58 cts | 70 cts |
| Cash | 70 cts | 80 cts |
ဘတ်စ်ကား လမ်းညွှန်မှုများ နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို SBS Transit Website တွင်တွေ့နိုင် ပါသည်။
- MRT Services
စင်ကာပူနိုင်ငံ ၏ MRT စနစ်တွင် ပါဝင်သော အဓိကလမ်းကြောင်း၃ခုမှာ - မြောက်မှတောင်သို့၊ အရှေ့မှအ နောက်သို့၊ မြောက်မှအရှေ့သို့ စသည်တို့ဖြစ်သည်။ မီးရထားဝန် ဆောင်မှု နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ အတွက် SMRT Website တွင် ၀င်ရောက်လေ့လာပါ။
- လက်မှတ်ခများ
ခရီးသည်များသည် ဘတ်စ်ကားခများနှင့် MRT ခများကို ငွေသားဖြင့် ပေးချေနိုင်သည် ။ (သို့) MRT ဘူတာရုံများ တွင် ရှိသော Transitlink လက်မှတ်အရောင်းဌာနများ (သို့) ခရီးသည်များအတွက် Passenger Service Centre တို့တွင် ရနိုင် သော ez-link card များကိုလည်း သုံးနိုင်ပါသည်။ ez-link ကို ဘတ်စ်များ၊ MRT နှင့် LRT များတွင်လည်း သုံးနိုင်ပါ သည်။
- နောက်ထပ်သတင်းအချက်အလက်များ
ဘတ်စ်များ နှင့် MRT ၀န်ဆောင်မှုများအတွက် Transitlink လမ်းညွှန်ချက်များကို Transitlink လက်မှတ် အရောင်း ဆိုင်များ အားလုံးတွင် ရောင်းချပေးထားပါသည်။ သင်သွားချင်သော နေရာသို့ ဘတ်စ်ကားဖြင့်ဖြစ်စေ၊ MRT ဖြင့်ဖြစ်စေ မည်သို့ရောက်အောင် သွားနိုင်မလဲ ဆိုသည့် နောက်ထပ်သတင်း အချက်အလက်များအတွက် Transitlink hotline ဖြစ် သော 1800-779-9366 (သို့) SBS ရဲ့ Passenger Relations Centre : 1800-287-2727 သို့ ဆက်သွယ်ခေါ်ယူနိုင်ပါ သည်။
စင်ကာပူနိုင်ငံ၏ ရာသီဥတုမှာ ပူနွေးပြီး အနည်းငယ် စိုစွတ်ပါသည်။ ပျမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၂၃ ဒီဂရီ မှ အမြင့်ဆုံး ၃၁ ဒီဂရီ Celsius ထိရှိပါသည်။ နေရောင်ခံခြင်း၊ ရေကူးခြင်း၊ ရွက်လွှင့်ခြင်း နှင့် တခြားသော ရေ နှင့် ပတ် သက်သည့် အားကစားများကိုလည်း ကစားနိုင်ပါသည်။ အပူပိုင်းရာသီဥတုကို မနှစ်သက်သောသူများ အတွက် ဈေးဆိုင် များ၊ ဟိုတယ်များ၊ အစိုးရရုံးစိုက်ရာ အဆောက်အဦးများ နှင့် စားသောက်ဆိုင်များ စသည့်နေရာ အများစုတွင် စင်ကာပူ နိုင်ငံ၏ အပူပြင်းဆုံး အခြေအနေများမှ ကင်းဝေးအောင် Air con များကိုလည်း တပ်ဆင်ပေးထားပါသည်။
နိုဝင်ဘာလ မှ ဇန်န၀ါရီလ အထိ မိုးရာသီ တစ်လျှောက်လုံး မိုးများအဆက်မပြတ် ရွာသွန်းနိုင်မှုကိုလည်း ကြိုတင် မျှော်လင့်ထားနိုင်သည်။
နေ့စဉ်သက်တောင့်သက်သာ ဖြစ်စေရန် သဘာဝချည်ထည်များဖြင့် ပြုလုပ်ထားသော ပေါ့ပါးသည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ရန် အကြံပြုပါသည်။
ဘဏ်အမျိုးမျိုးတွင် လိုအပ်ချက်မျိုးစုံရှိသကဲ့သို့ ငွေစုဆောင်းမှုနှင့် စစ်ဆေးမှုပုံစံများလည်း မတူညီကြပါ။ များသောအားဖြင့် စင်ကာပူနိုင်ငံတွင် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရန်အတွက် အောက်ပါ စာရွက်စာတမ်းများကို လိုအပ်ပါ လိမ့်မည်။
- ပတ်စ်ပို့ (မူရင်း နှင့် မိတ္တူ)
- သင်၏အသက်မွေးဝမ်းကျောင်းတစ်ခုခုမှ ကျောင်းသား၏အောင်မြင်မှုမှတ်တမ်း (သို့) လက်ခံကြောင်း
ထောက်ခံစာ
- ကျောင်းသားကဒ် (ရှိလျှင်)
- ငွေကြေးပမာဏ
Singapore မှာအလုပ် လုပ် မယ်ဆိုရင် Internet ကနေအရင်ရှာသင့်ပါတယ်။ www.jobstreet.com, www.jobsdb.com စတဲ့ Website တွေမှာ CV တင်ထားပြီး ရှာနိုင်ပါတယ်။ Position တွေကိုအကန့်အသန့်မရှိလျှောက်နိုင်ပါတယ်။ အဲ့ဒီ Website တွေမှာ Singapore ကအလုပ်တွေအများအပြားတွေ့နိုင်ပါတယ်။ အဲဒိ Website တွေကနေတဆင့် အလုပ်ရသွားတဲ့ မြန်မာတွေ အများကြီးရှိပါတယ်။ CV နဲ့ Resume ကိုသေသေ ချာချာ ပြည့်စုံအောင်ဖြည့်ထားသင့်ပါတယ်။ Passport ကိုတော့အလုပ်မလျောက်ခင်ကတည်းက ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။ ဒါမှ Interview ခေါ်ခဲ့ရင် ချက်ချင်သွားနီုင်မှာပါ။ အရင်ရောက်နှင့်နေတဲ့ သူငယ်ချင်းတွေရှိရင် သူတို့ကို အကူအညီတောင်ပြီး အလုပ်များကို ကြိုတင်လျောက်ထားနိုင်ပါတယ်၊ ဒီနည်းနဲ့အလုပ်ရတဲ့သူတွေလည်းအများအပြားပါပဲ။ အလုပ်ရပြီးရင်တော့ PR ရဖို့လွယ်သွားပါပြီ။ အလုပ်ရှင်ကိုလည်းလျောက်ခိုင်းလို့ရပါတယ်။ PR နဲ့ပါတ်သက်တဲ့ အသေးစိပ်ကိုတော့ http://app.ica.gov.sg/serv_pr/per_res/app_for_pr.asp မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
11:30 AM | Labels: Living facts..... | 5 Comments
To seek job in Sinapore - Part 1
Cost....
Air ticket- Around abt 450 FEC
Daily Cost - 1 meal - 3 S$ (if breakfast & 2 meal - 8S$)
- so, for 1 month(30 days) - 240 S$
Shared room rent for a month - around 250 S$
(better to stay at a place where can use internet & computer... )
(better bring down blanket<"saung","eait yar khin">)
if u have laptop with wireless adapter, better bring down.
The whole country have free internet wireless access point around MRT,McDonal....
MRT card (Travel Cost) for 1 month - around 150 S$
(it will depend on how many times u have to go)
(MRT & Bus .. can use by EasyLink Card(only 1 card is needed) which can be buy from MRT)
So, total cost for 1 month is 240 + 250 + 150 = 640S$ <415.8>(this is estimate only)
So, for 3 months - it will cost abt 1247.4 US$ (better bring down over 1500US$)
Stay....
When u come by visit visa, you could get 2 weeks to 1 month at the airport immigration.
(As my experienced, you better told the officer that you are coming here for seeking job and visiting. and ask him/her to give 1 month visa.
they may ask you to show your money. that is only checking you can survive within that period or not..).
When you are in the flight, the stewardess will give u a white card when nearly arrived singapore.
In that form , there will be "how long you are intended to stay" , fill that with 3 months.
For about Social Visit Visa.....
You can entend your visit visa by ICA or MOM. (Mostly ICA)
I think you can extend 2 or 3 times.
In applying visa extend, they will tell u how long r they gonna pay u.
If they give u 2 weeks and u don't like it, u want 1 month extend and u can tell them , u want 1 month.
they may tell u to meet the officer... so meet with the officer and explain why you want 1 month.
if resonalbe, they will give u 1 month right away...
(For 1 times visit visa extend, you can get 1 month maximum. )
7:31 PM | Labels: Applying Jobs | 6 Comments
